လင်မယား အိပ်ရာခွဲအိပ်ရတဲ့ အကျိုးကျေးဇူး

လင်နဲ့မယား အတူတူ အိပ်ရာတစ်ခုထဲကို ဝေမျှအိပ်စက်တာက အတော်လေးတော့ ကြည်နူးစရာ ကောင်းတာပါ။ ဒါပေမယ့် လင်နဲ့မယား ဆိုတိုင်း အမြဲ အတူတူ အိပ်စက်ရမယ်လို့လည်း တထစ်ချ ယူဆထားလို့ မရပါဘူး။ တစ်ခါတလေမှာ လင်နဲ့မယား အခန်းခွဲအိပ်တာ၊ အိပ်ရာခွဲအိပ်တာက နည်းလမ်းကောင်းပါ။

Sleep Divorce ဆိုတာက နားလည်လွယ်အောင် ပြောပြရရင် လင်နဲ့ မယား တစ်ခန်းတည်း တစ်အိပ်ရာထဲ မဟုတ်ဘဲ အခန်းခွဲအိပ်တာ၊ အိပ်ရာခွဲအိပ်တာမျိုးပါ။ စိတ်ဆိုးတာ၊ ဒေါသဖြစ်တာကြောင့် မဟုတ်ဘဲ လင်နဲ့မယား အိပ်ရာခွဲအိပ်တာမျိုးပါ။

ကောင်းကောင်း အိပ်ပျော်စေနိုင်တယ်
အိပ်ရာ တစ်ခုတည်းကို ဇနီးမောင်နှံ နှစ်ဦး မျှအိပ်ရတာက ကောင်းကောင်းအိပ်ပျော်စေဖို့ ခက်စေနိုင်ပါတယ်။ တစ်ယောက်က လှုပ်ရှားတာကြောင့် နောက်တစ်ယောက်က ကောင်းကောင်းအိပ်ပျော်ဖို့ ခက်နိုင်ပါတယ်။ တစ်ဦးတည်း အေးဆေးစွာ အိပ်စက်ရတာက ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။

ကိုယ်ပိုင်အချိန်လေး ရရှိစေနိုင်တယ်
လင်မယား စုံတွဲတွေမှာလည်း ကိုယ်ပိုင်အချိန်လေးတွေ ရှိဖို့ လိုပါမယ်။ ဒါကြောင့် ကောင်းမွန်တဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်နိုင်စေဖို့အတွက် တစ်ဦးချင်းစီမှာ ကိုယ်ပိုင်အချိန်လေး ရရှိဖို့ လိုပါမယ်။ ဒါကြောင့် ကိုယ်ပိုင်အချိန်လေး ရရှိစေဖို့ တစ်ခါတလေမှာ လင်မယားခွဲအိပ်ပေးပါ။

နှစ်ဦးကြား ဆက်ဆံရေး ကောင်းစေနိုင်တယ်
လင်နဲ့မယား ဆိုပေမယ့် မတူညီတဲ့ အိပ်စက်မှုပုံစံတွေနဲ့ အိပ်စက်မှု အလေ့အထတွေကို ပိုင်ဆိုင်ထားနိုင်ပါတယ်။ အချို့သော လေ့လာချက်တွေအရကတော့ လင်နဲ့မယား အိပ်ရာခွဲအိပ်တာက တစ်ဦးနဲ့ တစ်ဦးကို အိပ်ရေးဝဝ အိပ်ပျော်စေနိုင်ဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။

ပိုပြီး လွတ်လပ်မှု ရစေတယ်
လင်မယားတွေ အိပ်ရာ ခွဲအိပ်တာက တစ်ဦးနဲ့ တစ်ဦးကြားမှာ အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေမှု ကင်းစေသလို ကောင်းကောင်း အိပ်ပျော်နိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တစ်ဦးချင်းစီရဲ့ နေ့စဉ် တာဝန်တွေကို လွတ်လပ်စွာနဲ့ လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်စေပါတယ်။ ဒါကြောင့် တစ်ခါတလေ လင်မယားခွဲအိပ်ပါလို့ ပြောရတာပါ။

ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေးကို ပိုင်ဆိုင်စေနိုင်တယ်
ခွဲအိပ်လိုက်ပြီးမှ အတူပြန်အိပ်တာက နှစ်ဦးကြားမှာ ပိုမို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အထိအတွေ့တွေကိုရော ခံစားမှုတွေကိုပါ ပိုင်ဆိုင်စေနိုင်တာပါ။ နှစ်ဦးကြား စိမ်းကားမှုထက် ပိုပြီး ရင်းနှီးမှုကို ရစေနိုင်ပါတယ်။