အပူအစပ်တွေစားခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

အခုခေတ်မှာ ပူအစပ်မကြိုက်တဲ့သူဆိုတာ ရှားမှရှာပဲနော် မြန်မာလူမျိုးတို့ ထုံးစံအတိုင်း ထမင်းစားရင် အစပ်လေးပါမှ အပူလေးပါမှ ထမင်းစားဝင်တာမျိုးဆိုတော့ အပူအစပ်တွေစားခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး ကိုပြောပြေပေးပါမယ်…

ငရုတ်သီး၊ ဟင်းခတ်အမွှေးအကြိုင်များကဲ့သို့ အစားအစာများသည် လွန်ခဲ့သောနှစ်ပေါင်း ၈၀၀၀ ကျော်ခန့်အချိန်ကစ၍ လူသားတို့၏ အစားအသောက်များတွင် ပါဝင်လာခဲ့ပါသည်။ ထိုကဲ့သို့ ပူစပ်သော အစားအစာများသည် လူ့ခန္ဓာကိုယ်၏ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အပူချိန်ကို တက်စေနိုင်ပါသည်။

အေးသောဒေသတွင်နေထိုင်သူများသည် အပူအစပ်များစားခြင်းဖြင့် အအေးဓာတ်ကိုလျော့အောင် ပြုလုပ်လေ့ရှိကြသည်။ ထို့ပြင် အရသာခံစနစ်ကို လှုံဆော်ပြီး အစားစားချင်စိတ်ဖြစ်စေ၍ အစားအသောက်ကို ခံတွင်းတွေ့စေသော အစွမ်းလည်းရှိပါသည်။

Support ပေးနိုင်ရန် ဒီကိုနှိပ်ပါ

အပူအစပ် အစားအစာများတွင် ပါဝင်သော ဒြပ်ပေါင်းတစ်မျိုးဖြစ်သည့် Capsaicin သည် ခန္ဓာကိုယ်အရေပြားနှင့် ဆဲလ်တစ်ရှူးများကို ပြင်းထန်သည့် တုံ့ပြန်မှုများဖြစ်စေပြီး ပူလောင်သောခံစားမှုကို ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် အပူအစပ်များသော အစာများကို ပုံမှန်စားလေ့မရှိသူများ စားပြီးလျှင် နှုတ်ခမ်းနှင့်အာခေါင်များ ပူလောင်ပြီး အရည်ကြည်ဖုများ ရနိုင်သည်ထိ ပြင်းထန်နိုင်ပါသည်။

ထို့ပြင် အပူအစပ်စားခြင်းသည် စအိုကွဲနာ Anal Fissures ရှိသူများအတွက် နာကျင်မှုကို ပိုဖြစ်စေနိုင်၍ ရှောင်ကြဉ်သင့်သော အစားအစာဖြစ်ပါသည်။ အပူအစပ်ကို လက်ဖြင့်ကိုင်တွယ်စားပြီးလျှင် မျက်လုံးနှင့် အခြားအင်္ဂါအစိတ်အပိုင်းများကို မထိမိစေဘဲ လက်ကိုသေချာဆေးရန် လိုအပ်ပါသည်။

အပူအစပ်များ စားပြီးလျှင် ထွက်သော Capsaicin ဓာတ်သည် Capsaicin Receptor လက်ခံစနစ်များမှတစ်ဆင့် လှုံဆော်သိမှုအရ ဦးနှောက်ကို ပူလောင်နာကျင်မှုကို သတင်းပို့ပါသည်။ ထိုအခါခန္ဓာကိုယ်၏ နာကျင်မှုတားဆီးပေးမည့် Endorphin ပျော်ရွှင်စေသောဓာတ်ကို ဦးနှောက်မှထုတ်လွှတ်ပေးပါသည်။ ထို့ကြောင့် ပူစပ်သောအစားအစာများစားပြီးလျှင် စိတ်ကျေနပ်ပျော်ရွှင်မှု ခံစားရလေ့ရှိသည်။

Support ပေးနိုင်ရန် ဒီကိုနှိပ်ပါ

ပူစပ်သောအစားအစာများမှ Capsaicin ဓာတ်ထွက်လာလျှင် အစာအိမ်အူလမ်းကြောင်းရှိ Pain Receptor နာကျင်မှုအာရုံခံစနစ်ကို လှုံဆော်မှုပေးပါသည်။ ထိုအခါ ခန္ဓာကိုယ်မှ နာကျင်မှုကို အလိုအလျောက် ကာကွယ်သောလုပ်ဆောင်ချက်အရ အူလမ်းကြောင်းမှပုံမှန်အစာချေဖျက်ပြီး ရေဓာတ်များစုပ်ယူသည့် ဖြစ်စဉ်အစား ခန္ဓာကိုယ်မှ Capsaicin ဓာတ် အမြန်ထွက်သွားအောင် လုပ်ဆောင်ပါသည်။ ထိုသို့အူလမ်းကြောင်း လျင်မြန်သောလှုပ်ရှားမှုကြောင့် အပူအစပ်စားပြီးလျှင် ဝမ်းသွားခြင်း ဖြစ်ပေါ်လာရပါသည်။

အပူအစပ်စားခြင်းသည် အစာအိမ်အနာ မဖြစ်စေနိုင်ဟု သုတေသနများက ဖော်ပြကြသော်လည်း အချို့တွင်ဗိုက်နာခြင်းကို ခံစားရစေနိုင်သောကြောင့် အစာအိမ်ရောဂါရှိသူ၊ မကြာခဏဗိုက်အောင့်တတ်သူ၊ အစာချဉ်ပြန်ရောဂါရှိသူများအနေဖြင့် ပူစပ်သောအစားအစာများကို ရှောင်သင့်ပါသည်။ ထို့ပြင် အပူအစပ်များသည် နာတာရှည် အူလမ်းကြောင်း လှုပ်ရှားမှုမမှန်သောရောဂါ Irritable Bowel Syndrome (IBS) ရောဂါလက္ခဏာများကို ဖြစ်ပေါ်အောင် လှုံဆော်နိုင်သည်ဟု သုတေသနတွေ့ရှိချက်တစ်ခု ရှိသဖြင့် ရှောင်ကြဉ်သင့်ပါသည်။

Support ပေးနိုင်ရန် ဒီကိုနှိပ်ပါ

အပူအစပ်စားခြင်း၏ ကောင်းကျိုးတစ်ခုမှာ ခန္ဓာကိုယ်အတွက် မကောင်းသောအဆီဓာတ်ဟု သတ်မှတ်ထားသည့် နှလုံးရောဂါကိုအားပေးသည့် သွေးတွင်း LDL (Low-density Lipoprotein)ဓာတ်ကို လျော့နည်းစေသည့် အာနိသင်ရှိခြင်းဖြစ်ပါသည်။ ထို့ပြင် အပူအစပ်စားခြင်းမှ ရလာသည့် Capsaicin ဓာတ်သည် ကယ်လိုရီနှင့်အဆီဓာတ်လောင်ကျွမ်းမှုကို ဖြစ်စေခြင်းဖြင့် အဝလွန်ခြင်းမဖြစ်အောင် တားဆီးပေးနိုင်သည်။

သုတေသနလေ့လာဖော်ပြချက်များအရ အပူအစပ်များကို တစ်ပတ်လျှင် ၆ ရက်ခန့် စားပေးခြင်းက တစ်ပတ်လျှင်တစ်ကြိမ်အောက် စားသုံးသူများထက် သေဆုံးနှုန်းကို ၁၄ ရာခိုင်နှုန်းလျော့နည်းစေသည်ဟု တွေ့ရှိရသည်။ ထို့ကြောင့် အပူအစပ်စားခြင်း၏ ကောင်းကျိုးဆိုးကျိုးများကို ချင့်ချိန်ပြီး တန်ဆေးလွန်ဘေး ဂရုပြုကာ စားသုံးသင့်ကြောင်း ဤဆောင်ပါးဖြင့် ရေးသားမျှဝေလိုက်ပါသည်။

Support ပေးနိုင်ရန် ဒီကိုနှိပ်ပါ