Crush ရဲ့ အာရုံစိုက်မှုကို အရယူဖို့အတွက်

ကိုယ် Crush နေတဲ့သူရဲ့အာရုံစိုက်မှုကို အရယူဖို့ ကြိုးစားပေမယ့် ကြိုးစားမှုက အရာမထင်လို့ စိတ်ညစ်နေပါသလား။ ကိုယ့်ဆီမှာများ သူ မကြိုက်တဲ့အရာတစ်ခုခု ရှိနေလို့များလားဆိုပြီး စိတ်မလုံမလဲဖြစ်နေပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။ သူ လိုအပ်ရင် အမြဲတမ်း အဆင်သင့်ရှိမနေပါနဲ့သင်တို့နှစ်ယောက်က ချစ်သူသမီးရည်းစားတွေ မဟုတ်သေးပါဘူး။ ဒါ့ကြောင့် သူ့အတွက် အမြဲတမ်း အဆင်သင့်ရှိမနေပါနဲ့။ သူ့ကို သင့်ရဲ့ဖြစ်တည်မှုသည်လည်း ဘယ်လောက်ထိအရေးပါကြောင်း သိရှိပါစေ။ Support ပေးနိုင်ရန် ဒီကိုနှိပ်ပါ သူ့ကိုလည်း သင့်ကို လွမ်းတတ်အောင် သင်ပေးရပါမယ်။ ဒါမှ သင့်ကို သူ အလေးထားလာမှာဖြစ်ပါတယ်။ လွယ်လွယ်လေးရနေတဲ့အရာတွေဆို လူသားတွေက တန်ဖိုးသိပ်မထားတတ်ပါဘူး။ သူ့ရဲ့သူငယ်ချင်းတွေနဲ့ မိတ်ဆွေဖွဲ့ပါဒီအချက်သည်လည်း သူ့ရဲ့နှလုံးသားကို အရယူနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ တကယ်လို့ သူ့ရဲ့သူငယ်ချင်းတွေက သင့်ကို မနှစ်သက်ဘူးဆိုရင် သင်တို့နှ်ယောက်ရဲ့အချစ်ရေးကလည်း…

Read More

ရာသီလာချိန်မှာ လုံးဝမလုပ်ရမယ့်အရာတွေ

အပျိုဖော်ဝင်ချိန်မှစ၍ အမျိုးသမီးတိုင်း သွေးမဆုံးချိန်ထိ ရာသီသွေး လစဉ်ဆင်းသည်မှာ ဓမ္မတာတစ်ရပ်ပါ။ ရာသီသွေးဆင်းခြင်းသည် အမျိုးသမီးတိုင်း စိတ်အနှောက်အယှက်တစ်ခုကဲ့သို့ ခံစားရသောအချိန်ဟု လူတိုင်းလက်ခံထားကြပါတယ်။ ရာသီဆင်းနေချိန်သည် မိမိကိုယ်မိမိ သတိထားရသော အချိန်လည်းဖြစ်ပါတယ်။ ရာသီလာချိန်တွင် မည်သို့ နေထိုင်သင့်သလဲဆိုတာကလည်း အရေးကြီးသော အချက်များပင်ဖြစ်ပါတယ်။ ရာသီလာချိန်တွင် ပြုလုပ်သင့်သောအရာနှင့် မပြုလုပ်သင့်သောအရာများကို ကောင်းစွာသဘောပေါက်မှသာ ရာသီသွေးဆင်းချိန်တွင် ကျန်းမာရေးနေထိုင်မှု အဆင်ပြေနိုင်မှာပါ။ လေ့လာချက်များအရ အမျိုးသမီးများသည် ရာသီလာချိန်တွင် စိတ်ရော ကိုယ်ပါ ဖိဆီးနေတတ်ပါတယ်။ ခေါင်းကိုက်၊ ဗိုက်နာ၊ ပျို့အန်၊ ကိုယ်ပူခြင်းနှင့် လေပွခြင်းစသည်တို့ဖြစ်တတ်ပါတယ်။ Support ပေးနိုင်ရန် ဒီကိုနှိပ်ပါ (1) ရာသီလာချိန်တွင် ပြုလုပ်သင့်သောအရာများ – ရေချိုးပါ အမျိုးသမီးများသည် ရာသီလာချိန်တွင် မောပန်းနွယ်နယ်သကဲ့သို့ ခံစားရပြီး ခြေလက်များမလှုပ်ချင် မကိုင်ချင်အောင် လေးလံနေပါလိမ့်မယ်။ ထိုအခါမျိုးတွင် လန်းဆန်းတက်ကြွနေရန်…

Read More

အာလူးလေးနဲ့ စကင်ကဲဖို့

Antioxidants များနှင့် ပြည့်နှက်နေတဲ့ အာလူးဟာ အသားဖြူချင်သူများအတွက်လည်း ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ နေလောင်ဒဏ်ကြောင့် အသားမဲသွားသူများ၊ အသားပြန်ဖြူချင်သူများနှင့် အသားအရေ ဝင်းလက်တောက်ပချင်သူများအတွက် အာလူးကို အသုံးပြုနိုင်ပါတယ်။ အာလူးနှင့် ပျားရည် အသုံးပြုပါအာလူးအခွံခွာပြီး ကြိတ်ပါ။ ရရှိလာတဲ့ အာလူးမွှာလေးများကို အဝတ်စသန့်သန့်ထဲထည့်ကာ အရည်ညှစ်လိုက်ပါ။ ရရှိလာတဲ့ အာလူးရည် စားပွဲတင်ဇွန်း ၃ ဇွန်းခန့်ကို ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သမအောင် ရောနှောလိုက်ပါ။ ထို့နောက် မျက်နှာနှင့် လည်ပင်းတဝိုက်တွင် လိမ်းကျံလိုက်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့်ကြာမှ မျက်နှာသစ်ပေးရပါမယ်။ ပိုမိုထူးခြားတဲ့ရလာဒ်ကို ရရှိလိုပါက နေ့စဉ်နေ့တိုင်း ပေါင်းတင်ပေးနိုင်ပါတယ်။ Support ပေးနိုင်ရန် ဒီကိုနှိပ်ပါ အာလူးနှင့် သံပုယိုရည်အာလူးရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သံပုယိုရည် လက်ဖက်ရည်ဇွန်း…

Read More

စိတ်ဖိစီးမှုများနေချိန် မလုပ်သင့်တဲ့အရာများ

အခုအချိန်မှာ စိတ်ဖိစီးမှုတွေအများကြီးတိုးလာမယ်ဆိုတာ သိပါတယ်။ ရှောင်လွှဲဖို့ခက်တဲ့ အချိန်မရောက်ခင် စိတ်ဖိစီးနေရင်လဲ စိတ်ထောင်းကိုယ်ကျေလာမှာပါပဲ…စိတ်ဖိစီးမှုများနေချိန် မလုပ်သင့်တဲ့အရာများ အပြိုင်အဆိုင်များလွန်းတဲ့ယနေ့ခေတ်မှာ စိတ်ဖိစီးမှုအနည်းနဲ့အများ လူတိုင်းမှာရှိပါတယ်။ စိတ်ဖိစီးမှု များခြင်းဟာ သွေးဖိအားကို များစေပြီး နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ စိတ်ကျရောဂါတွေကို ဖြစ်စေပါတယ်။ ဒါ့ပြင် စိတ်ဖိစီးမှု များနေချိန်မှာ အမှားများစွာ ပြုလုပ်နိုင်ပါတယ်။ Support ပေးနိုင်ရန် ဒီကိုနှိပ်ပါ ၁။ စိတ်ဖိစီးမှုများနေချိန်မှာ ကားမောင်းမယ်၊ ဆိုင်ကယ်စီးမယ်ဆို သတိထားပါ။ စိတ်လှုပ်ရှားနေတဲ့အတွက် အာရုံစူးစိုက်မှုမရှိတဲ့အတွက် ယာဉ်တိုက်မှုဖြစ်နိုင်ပါတယ်။ ၂။ ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေကို လျှော့ပါ။ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်တွေဟာ နှလုံးခုန်နှုန်းကို မြန်စေရုံသာမက စိတ်လှုပ်ရှားမှုကို ဖြစ်ပေါ်စေပါတယ်။ စိတ်သောကရောက်နေချိန်မှာ ချိန်ဆသောက်ပါ။ ၃။ စိတ်ဖိစီးမှုများနေချိန် အလုပ်ထဲမှာအရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ မချပါနဲ့။ စိတ်ခံစားမှုကြောင့် ဆုံးဖြတ်ချက်…

Read More

အပူအစပ်တွေစားခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

အခုခေတ်မှာ ပူအစပ်မကြိုက်တဲ့သူဆိုတာ ရှားမှရှာပဲနော် မြန်မာလူမျိုးတို့ ထုံးစံအတိုင်း ထမင်းစားရင် အစပ်လေးပါမှ အပူလေးပါမှ ထမင်းစားဝင်တာမျိုးဆိုတော့ အပူအစပ်တွေစားခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး ကိုပြောပြေပေးပါမယ်… ငရုတ်သီး၊ ဟင်းခတ်အမွှေးအကြိုင်များကဲ့သို့ အစားအစာများသည် လွန်ခဲ့သောနှစ်ပေါင်း ၈၀၀၀ ကျော်ခန့်အချိန်ကစ၍ လူသားတို့၏ အစားအသောက်များတွင် ပါဝင်လာခဲ့ပါသည်။ ထိုကဲ့သို့ ပူစပ်သော အစားအစာများသည် လူ့ခန္ဓာကိုယ်၏ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အပူချိန်ကို တက်စေနိုင်ပါသည်။ အေးသောဒေသတွင်နေထိုင်သူများသည် အပူအစပ်များစားခြင်းဖြင့် အအေးဓာတ်ကိုလျော့အောင် ပြုလုပ်လေ့ရှိကြသည်။ ထို့ပြင် အရသာခံစနစ်ကို လှုံဆော်ပြီး အစားစားချင်စိတ်ဖြစ်စေ၍ အစားအသောက်ကို ခံတွင်းတွေ့စေသော အစွမ်းလည်းရှိပါသည်။ Support ပေးနိုင်ရန် ဒီကိုနှိပ်ပါ အပူအစပ် အစားအစာများတွင် ပါဝင်သော ဒြပ်ပေါင်းတစ်မျိုးဖြစ်သည့် Capsaicin သည် ခန္ဓာကိုယ်အရေပြားနှင့် ဆဲလ်တစ်ရှူးများကို ပြင်းထန်သည့် တုံ့ပြန်မှုများဖြစ်စေပြီး ပူလောင်သောခံစားမှုကို…

Read More

ဖုန်းကြောင့်ဖြစ်သော မျက်စိပြဿနာများ

အခုလို ဖုန်းပွတ်ကြသောခေတ်မှာ လူတိုင်းနီးပါးမျက်ရိုးကိုက်တတ်ကြပါတယ်။တကယ်လက်တွေ့မျက်ရိုးကိုက်ခြင်းသည်မခံစားနိုင်သောဝေဒနာတစ်ရပ်ပါ။မျက်ခုံးအနောက်ဘက်သို့မဟုတ် ၎င်းနှင့်အနီးအနားတွင်ကိုက်ခဲနေတတ်ပါတယ်။ကိုက်ခဲမူသည် ဖြစ်စေသောအကြောင်းရင်းပေါ်မူတည်ရျ် ကြာရှည်တတ်ပါတယ်။ -ခေါင်းကိုက်ခြင်းခေါင်းထိုးကိုက်ခြင်းနှင့်ခေါင်းခဲခြင်းအမျိုးမျိုးသောခေါင်းကိုက်ခြင်းတွင် မျက်ရိုးကိုက်ခြင်းဖြစ်စေပါတယ်။စိတ်ဖိဆီးမူကြောင့်ဖြစ်သောခေါင်းကိုက်ခြင်းတွင်လည်ပင်းကြွက်သားများတောင့်တင်းကာ မျက်ရိုးထိုးကိုက်တတ်ပါတယ်။အလင်းရောင်နှင့်လူပ်ရှားမူပင် ခေါင်းကိုက်ခြင်းသည်အပြင်းထန်ဆုံးပင်ဖြစ်ပါတယ်။ပျို့အန်ခြင်းပင်ဖြစ်စေပါတယ်။ Support ပေးနိုင်ရန် ဒီကိုနှိပ်ပါ -မျက်စိရေတိမ်မျက်စိထဲတွင်အရည်များကာ ဖိအားများလာသောအခြေအနေတွင်မျက်ရိုးကိုက်တတ်ပါတယ်။မျက်စိအာရုံကြောအပေါ်သို့ဖိအားတစ်ခုဖြစ်စေကာ အာရုံကြောပျက်စီးစေပါတယ်။အသက်၆၀ကျော်အများစုတွင် ရေတိမ်ကြောင့်မျက်စိမမြင်မူအများဆုံးဖြစ်ပါတယ်။ ရေတိမ်လက္ခဏာများမှာ -ခေါင်းကိုက်ခြင်း-မျက်စိဝါးခြင်း-မျက်စိကိုက်ခြင်း-မျက်စိ၂ထပ်မြင်ခြင်း-ပျို့အန်ခြင်းစသည်တို့ခံစားရလေ့ရှိပါတယ်။ရေတိမ်သေချာစွာကုသခြင်းဖြင့် မျက်စိအမြင်အာရုံကွယ်ပျောက်မူသက်သာစေနိုင်ပါတယ်။ -ထိပ်ကပ်နာနှာခေါင်းအတွင်းရှိအခေါင်းပေါက်ငယ်များပိုးဝင်သောကြောင့်ရောင်ရမ်းမူရှိပါက မျက်ရိုးကိုက်တတ်ပါတယ်။အသက်ရူရခက်ခဲခြင်းနှင့်နှာပိတ်ခြင်းဖြစ်စေပါတယ်။ခေါင်းလူပ်ရှားမူတိုင်း ကိုက်ခဲနေတတ်ပါတယ်။ဘက်တီးရီးယားပိုး။ဓာတ်မတည့်ခြင်းနှင့် အအေးမိခြင်းကြောင့်ထိပ်ကပ်နာဖြစ်သောကြောင့်သေချာဆရာဝန်နှင့်ကုသသင့်ပါတယ်။ Support ပေးနိုင်ရန် ဒီကိုနှိပ်ပါ -နားထင်သွေးကြောရောင်ခြင်းနားထင်သွေးကြောရောင်လာသောအခါ မျက်ရိုး့ပြင်းပြင်းထန်ထန်ကိုက်ခဲတတ်ပါတယ်။နားထင်သွေးကြောရောင်ခြင်းမှာမေရိုးနာခြင်း။အမြင်အာရုံပြသနာနှင့်ဦးရေပြားနာကျင်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။စတီးရိုက်ပေးရျ်သက်သာနိုင်သော်လည်း သတိပြုကုသမူမခံယူပါက လေဖြတ်ခြင်းနှင့် အမြင်အာရုံဆုံးရှုံးခြင်းစသည်တို့ဖြစ်စေပါတယ်။ -ရေကျောက်ပိုးရေကျောက်ဖြစ်စေသောပိုးကူးစက်ခံရသောအခါ မျက်ရိုးကိုက်တတ်ပါတယ်။မျက်ရိုးကိုက်ခြင်းအပြင် နာကျင်ကိုက်ခဲသောအရေပြား အရည်ကြည်ဖုထွက်ခြင်းဖြစ်စေပါတယ်။ Support ပေးနိုင်ရန် ဒီကိုနှိပ်ပါ (2)ကုသမူနည်းလမ်းများမျက်ရိုးကိုက်ခြင်းဖြစ်စေသောအကြောင်းအရင်းပေါ်မူတည်ရျ် ကုသမူခံယူသင့်ပါတယ်။ပုံမှန်ခေါင်းကိုက်ခြင်းခံစားရပါက အကိုက်အခဲပျောက်ဆေးများနှင့်အိမ်တွင်းကုသမူနည်းလမ်းဖြင့်သက်သာနိုင်ပါတယ်။သို့သော် ကြာရှည်ခံစားရခြင်းအပြင်အခြားသောလက္ခဏာတခုခုခံစားရပါက အထူးသတိပြုကုသမူခံယူသင့်ပါတယ်။ဥပမာရေတိမ် မျက်ရိုးကိုက်ခြင်းကိုသက်သာစေသောနည်းလမ်းများမှာ -အနားယူခြင်း-တရားထိုင်ခြင်း-တိတ်ဆိတ်သောနေရာတွင်နေခြင်း-မျက်စိပေါ်သို့ အေးရန်ရေအေးကပ်ခြင်း-အကိုက်အခဲပျောက်ဆေး-စိတ်ဖိဆီးမူလျော့ချခြင်းစသည်တို့ကိုပြုလုပ်သင့်ပါတယ်။ အမြင်အာရုံပြသနာများ လျော့ကျသက်သာစေရန် အာရုံစိုက်ရသောအလုပ်များ မလုပ်သင့်ပါ။ဖုန်းကြည့်ခြင်း။တီဗွီကြည့်ခြင်း။ကွန်ပြုူတာကြည့်ခြင်းစသည်တို့ကို လုံးဝမပြုလုပ်သင့်ပါ။မျက်စိအမြင်အာရုံပြသနာခံစားရပါက စောစီးစွာကုသမူခံယူသင့်ပါတယ်။သို့မှသာ မျက်စိကွယ်မူကို ကာကွယ်နိုင်ပါလိမ့်မယ်။…

Read More

ဝက်ခြံပေါက်သူတွေ သတိထားသင့်တဲ့အမှားများ

အရွယ်ရောက်လာရင် ဝက်ခြံမပေါက်ဖူးတဲ့သူရယ်လို့ ရှိမယ်မထင်ပါဘူး။ အထူးသဖြင့် အဆီပြန်တဲ့ အသားအရေနဲ့ ထိခိုက်လွယ်တဲ့ အသားအရေ ပိုင်ရှင်တွေဟာ ဝက်ခြံနဲ့ အတူယဉ်တွဲ နေထိုင်ရတာ များပါတယ်။ ဒါ့အပြင် ဝက်ခြံပေါက်နေချိန်မှာ အသားအရေကို ဂရုစိုက်ပုံ လွဲမှားတာကြောင့် ဝက်ခြံလည်း မပျောက်တဲ့အပြင် အသားအရေပိုဆိုးသွားတတ်တဲ့ အကြောင်းလေးတွေကို ပြောပြပေးသွားပါမယ်။ (၁) ဝက်ခြံကို ထိနေဆွနေတာဒါကတော့ လူတိုင်းသိပြီးသားပေမယ့် လိုက်နာဖို့ ခက်ခဲတဲ့အရာပါ။ သေချာဆေးကြော မထားတဲ့လက်နဲ့ ဝက်ခြံကို ထိကိုင်နေတာ၊ ညှစ်နေတာဟာ ရောဂါပိုးဝင်ပြီး ယောင်ရမ်းဖို့ အခွင့်အလမ်း အရမ်းများပါတယ်။ ဒါ့အပြင် အမာရွတ်နဲ့ အမဲစက်တွေဖြစ်နိုင်ပြီး ပျောက်ကင်းအောင် ကုသဖို့ ကာလကြာနိုင်လို့ ဝက်ခြံပေါက်နေချိန်မှာ လက်ကို ဝက်ခြံနဲ့ အဝေးဆုံးမှာ ထားသင့်ပါတယ်။ Support ပေးနိုင်ရန် ဒီကိုနှိပ်ပါ (၂) မျက်နှာမကြာခဏ သစ်တာမျက်နှာပေါ်က…

Read More

ဆံပင်တွေအရမ်းကျွတ်နေရင်

သင်ခေါင်းဖီးတဲ့ ဘီးမှာ ဆံပင်တွေ ကျွတ်ပါလာတာဟာ လန့်စရာတစ်ခုမဟုတ်ပါဘူး။ လူတစ်ယောက်ဟာ နေ့စဉ်ဆံပင်အချောင်းရေ ၁၀၀ ကနေ ၁၅၀ ကြားထိတော့ ပုံမှန်ကျွတ်လေ့ရှိကြပါတယ်။ အဲပမာဏထက်များလာရင်တော့ အကြောင်းအရင်းတစ်ခုခုကြောင့် ဆံပင်ကျွတ်တာများလာပြီလို့ သံသယဝင်ရတော့မှာပါ။ ဆံပင်ကျွတ်တာများတဲ့ အဓိကအကြောင်းရင်းတွေကတော့- ဟော်မုန်းမညီမျှခြင်း၊ မျိုးရိုးဗီဇ၊ နာတာရှည်ရောဂါတစ်ခုခုရှိခြင်း စသည်တို့ကြောင့် ဖြစ်ကြပါတယ်။ ဖြစ်ရတဲ့အကြောင်းအရင်း တစ်ချက်ချင်းစီကို ဆက်လက်ပြီး ရှင်းပြပေးသွားမှာပါ။ (၁) ဟော်မုန်းဓာတ်မညီမျှခြင်းဟော်မုန်းဓာတ်မညီမျှခြင်းဆိုတဲ့ အကြောင်းအချက်မှာ အဓိကကျတဲ့ အချက်ကတော့ Thyroid hormone (သိုင်းရွိုက်ဟော်မုန်း) ပါ။ သိုင်းရွိုက်နည်းခြင်း (ဒါမှမဟုတ်) များခြင်း နှစ်မျိုးစလုံးဟာ ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းကို ညီမျှအောင် ကုသလိုက်မယ်ဆိုရင် ဆံပင်ကျွတ်တာ သက်သာသွားမှာပါ။နောက်ဟော်မုန်းပြဿနာတွေကတော့ မဟော်မုန်းအပြောင်းအလဲကြောင့်ပါ။ အမျိုးသမီးတွေအများစုဟာ မီးဖွားပြီးကာလနဲ့ သွေးဆုံးပြီးကာလတွေမှာ မဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ပေါပြီး ဆံပင်ကျွတ်တာများလာတတ်ပါတယ်။ Support…

Read More

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဆိုတဲ့ စကားအတိုင်း ဝမ်းမချုပ်စေပဲ ဝမ်းမှန်စေဖို့ဟာ ကျန်းမာရေးအတွက်အလွန်အရေးကြီးပါတယ်။ ဝမ်းချုပ်တာက အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေထဲမှာ အဖြစ်အများဆုံးပြဿနာတစ်ခုဖြစ်ပါတယ်။ အရွယ်ရောက်သူများရဲ့ ၁၆ % နှင့် အသက်၆၀ကျော် လူကြီး ၃၃% ဟာ ဝမ်းချုပ်တဲ့ပြဿနာကို ခံစားနေကြောင်း တွေ့ရှိရပါတယ်။ စားသောက်နေထိုင်မှုပုံစံ၊ opioid အကိုက်အခဲပျောက်ဆေးနှင့် သုံးစွဲသောဆေးများ၊ သံဓါတ်အားဆေးများ၊ ကိုယ်ဝန်ဆောင်ခြင်း၊ စိတ်ဖိစီးမှုများခြင်းနှင့် အခြားကျန်းမာရေး ပြဿနာအမျိုးမျိုးကြောင့် ဝမ်းချုပ်တဲ့ပြဿနာ ကြုံတွေ့ရတတ်ပါတယ်။ ဝမ်းချုပ်တဲ့ပြဿနာ ကြုံတွေ့တဲ့အခါ သဘာဝနည်းအတိုင်း မသွားနိုင်လို့ဝမ်းနှုတ်ဆေး၊ ဝမ်းပျော့ဆေးတွေကို အားကိုးပြီး အဖြေရှာတတ်ကြပါတယ်။ ဝမ်းပျော့ဆေးများ emollient laxative ဟာ ရေနဲ့အဆီများကို စုပ်ယူပေးခြင်းဖြင့် ဝမ်းအညစ်အကြေးများကို အစိုဓါတ်ဖြင့်ပျော့စေပြီး စွန့်ထုတ်ရလွယ်စေသဖြင့် ညစ်ထုတ်စရာမလိုပဲ ဝမ်းသွားရလွယ်ကူအောင် ကူညီပေးတဲ့ သောက်ဆေး oral စအိုအတွင်းထည့်ရတဲ့ဆေးများ rectal…

Read More

လက်ဖြင့်အစာစားခြင်းနှင့် ကောင်းကျိုး ဆိုးကျိုး

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံ‌တော်တော်များများက လက်နဲ့ ထမင်းစားတဲ့ အကျင့်ရှိပါတယ်။ အနောက်တိုင်းက လူတွေကတော့ ဇွန်းနဲ့ ခရင်းနဲ့ စားကြတာပေါ့။ အာရှနွယ်ဖွားတွေဖြစ်တဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတွေကတော့ တူကို အသုံးပြုကြပါတယ်။ ခုနောက်ပိုင်းမှာတော့ လက်နဲ့ စားတဲ့ အလေ့အထက နည်းလာပါပြီ။ သင်ရော လက်နဲ့စားတာ နဲ့ ဇွန်းနဲ့စားတာ ဘယ်ဟာ ပိုကောင်းလဲ လို့ ထင်ပါသလဲ။ လက်နဲ့ စားခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးလက်နဲ့ စားတာက ပြောရမယ်ဆိုရင် ယဉ်ကျေးမှုတစ်ခုလိုတောင် ဖြစ်နေပါပြီ။ ခုချိန်ထိ တချို့သော ပွဲလမ်းအခမ်းအနားတွေမှာ လက်နဲ့ စားတဲ့ ဓလေ့ထုံးစံတွေ ရှိနေကြပါသေးတယ်။ Support ပေးနိုင်ရန် ဒီကိုနှိပ်ပါ အာယုဗေဒနဲ့ သိပ္ပံလေ့လာချက်တွေအရ ပြောရမယ်ဆိုရင် လက်နဲ့ စားတာက လက်ချောင်း‌လေးတွေကို လေ့ကျင့်ခန်း လုပ်ဖြစ်စေပါတယ်။အစားအစာတွေကို လက်နဲ့…

Read More