အပျိုအအို ခွဲခြားလို့ရလား
တကယ်လက်တွေ့မှာတော့ ခွဲခြားဖို့ခက်ပါတယ်။ ဒါပေမယ့် အချို့အချက်လေးတွေတော့ ဒိုင်လျိုလေးတွေရှိပါတယ်။ အမျိုးသမီးတစ်ယောက် လိင်ဆက်ဆံပြီးနောက် ဘာတွေပြောင်းလဲသွားလဲ ဆိုတာတော့ သင်သိခွင့်ရပါတယ်။ အမျိုးသမီးတစ်ယောက် အပျိုစစ်စစ်မှ လိင်ဆက်ဆံပြီးနောက် ကိုယ်ခန္ဓာအစိတ်အပိုင်းအချို့ ပြောင်းလဲမူကို သင်တွေ့ရှိနိုင်ပါလိမ့်မယ်။ လူအများလက်ခံယုံကြည်ထားသလို အပျိုစစ်စစ်နှင့် အအိုအမျိုးသမီးကို ခွဲခြားမှုတွင် ပြင်ပကိုယ်ခန္ဓာသွင်ပြင်ပြောင်းလဲမှုလက္ခဏာများဖြင့်သာ ခွဲခြားနိူင်သည်ဟု ထင်ခဲ့ကြပါတယ်။ အအိုအမျိုးသမီးတစ်ယောက်သည် ရင်သားများကြီးထွားပြီး တင်းပါးရိုးခွင်ကျယ်လာသည်ဟု သတ်မှတ်ထားမှုသည် တကယ်တော့ မဟုတ်ပါ။ လိင်ဆက်ဆံခြင်းဟာ အမျိုးသမီးရဲ့ပြင်ပကိုယ်ခန္ဓာပုံစံအပေါ်သက်ရောက်မှုမရှိတတ်ပါ။ အမျိုးသမီးငယ်သည်အပျိုဖော်ဝင်စ တရှိန်ထိုးကိုယ်ခန္ဓာဖွံဖြိုးလာမှုအပေါ် လိင်ဆက်ဆံမှုရှိခဲ့တယ်လို့ တသတ်မှတ်တည်းပြောမရပါ။ အမျိုးသမီးတစ်ယောက် လိင်ဆက်ဆံမှုပြုပြီးနောက် ကိုယ်ခန္ဓာပြောင်းလဲလာမှုရှိသည်ဟု ပြောနိုင်သောအချက်တစ်ချက်မှာ ကိုယ်ဝန်ရှိလာသောကြောင့် ကိုယ်ခန္ဓာကောက်ကြောင်း ပြောင်းလဲသွားသည်ဟူသောအချက်သာဖြစ်ပါတယ်။ (၁) ရင်သားများ ပိုမိုတင်းရင်းလာခြင်းလိင်ဆက်ဆံခြင်းအပြုအမူဟာ ဦးနှောက်အာရုံကြောအဖွဲ့အစည်းကို လှုံ့ဆော်မှုဖြစ်စေပြီး ကိုယ်တွင်းပြောင်းလဲမှုများကိုဖြစ်စေပါတယ်။ သွေးကြောများ လှုံဆော်မှုများပြီး ရင်သားများ ပိုမိုဖောင်းတင်းလာပါတယ်။ ရင်သားများဟာ လိင်ဆက်ဆံစဉ်နှင့် ဆက်ဆံပြီးနောက်…