သူငယ်ချင်းတွေအဖြစ်ကနေ ချစ်သူဖြစ်လာရင်
အချင်းချင်းမှီခိုအားထားလို့ရတဲ့ သူငယ်ချင်းတွေအဖြစ်ကနေ ချစ်သူတွေအဖြစ်ပြောင်းသွားပြီဆိုရင် အရင်ဆုံးကြုံတွေ့ရမှာကတော့ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ကိုဆုံးရှုံးလိုက်ရတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ချစ်သူတွေဖြစ်သွားကြတာကြောင့် အရင်ကလိုမျိုးဆိုးကောင်းအတူတူတိုင်ပင်ဖို့ခက်ခဲသွားနိုင်ပါတယ်။ ဒါ့အပြင် သူငယ်ချင်းဘဝကနေချစ်သူဖြစ်သွားတာကြောင့် နှစ်ယောက်သားဟာတစ်ယောက်ကိုတစ်ယောက်သေချာသိနေကြပြီးသားဖြစ်နေမှာပါ။ ဒီအချက်ဟာတစ်ခြားဆက်ဆံရေးတွေလို ဆက်ဆံရေးအစောပိုင်းမှာရင်ခုန်ရတာတွေကို ပျောက်ကွယ်သွားစေမှာဖြစ်ပါတယ်။ တစ်ယောက်အတိတ်ကို…